ဆိုလာစနစ်တွေကို သုံးစွဲပုံအမျိုးအစားအလိုက် (၃) မျိုး ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အသင့်တော်ဆုံးစနစ်ကို ရွေးချယ်နိုင်ဖို့ စနစ်တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ရှင်းပြပေးထားပါတယ်။
၁။ On-Grid စနစ်

အဓိပ္ပာယ်: အစိုးရ လျှပ်စစ်မီးလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့စနစ်ပါ။ ဘက်ထရီ မလိုအပ်ပါဘူး။
အလုပ်လုပ်ပုံ: နေ့ဘက် နေရောင်ခြည်ရတဲ့အခါ ဆိုလာပြားကနေ လျှပ်စစ်ထုတ်ပြီး သုံးစွဲပါတယ်။
အားသာချက်
- ဘက်ထရီမလိုအပ်တဲ့အတွက် ကနဦးကုန်ကျစရိတ် အသက်သာဆုံးပါ။
- လျှပ်စစ်မီတာခကို အဓိက လျှော့ချနိုင်ပြီး၊ ပိုလျှံတဲ့လျှပ်စစ်ကို ပြန်ရောင်းလို့ရတဲ့အခါ ဝင်ငွေပြန်ရနိုင်ပါတယ်။ (မြန်မာနိုင်ငံမှာတော့မရသေးပါ)
- Off-grid စနစ်တွေထက် ဈေးသက်သာပြီး တပ်ဆင်ရလွယ်ကူစေပါတယ်။
- ဘက်ထရီမပါတဲ့ အတွက် အစိတ်အပိုင်းတွေ နည်းပါးပြီး ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးပါတယ်။
-On-Grid စနစ်သည် ဈေးသက်သာပြီး လစဉ် လျှပ်စစ်ဘေလ်များကို သက်သာစေသောကြောင့် off-grid သို့မဟုတ် hybrid စနစ်များနှင့် နှိုင်းယှဉ်ပါက သင်၏ရင်းနှီးမြှုပ်နှံမှုကို ပိုမိုမြန်ဆန်စွာ ပြန်လည်ရရှိနိုင်ပါသည်။
အားနည်းချက်
- အကြီးမားဆုံး အားနည်းချက်ကတော့ ဓာတ်အားလိုင်း (အစိုးရမီး) ပြတ်တောက်သွားတဲ့အခါ သင့်ရဲ့ ဆိုလာစနစ်လည်း ပိတ်သွားပါတယ်။
- သင့်ဧရိယာတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက on-grid စနစ်ကို မသုံးသင့်ပါ။
- ဘယ်သူနဲ့သင့်တော်လဲ: အထည်ချုပ်စက်ရုံ၊ ရေခဲစက်ရုံ၊ ရုံးခန်းကြီးနဲ့ စူပါမားကတ်လို လုပ်ငန်းတွေမှာ အထူးသင့်တော်ပါတယ်။




