Skip to main content

စရံချမလောပါနှင့်

18 August, 2026

အကွက်ကောင်းတယ်၊လှတယ်ဆိုပြီး
စရံတန်းမချကြပါနဲ့အုံး
စရံမချခင်မှာ လေ့လာရမယ့် အချက်တွေ
အများကြီးရှိပါတယ်။


အိမ်ခြံမြေနှင့် ပတ်သက်တဲ့အကြောင်းကို
တစ်ချက်လေ့လာကြည့် မယ်ဆိုရင်
လူနှစ်ယောက်အပေါ်မှာ ရောင်းချထားတဲ့
ဝယ်သူကြောင့် ဝယ်ယူသူနှစ်ယောက်ထဲမှာ
တစ်ယောက်က စရံရှုံးရတာတွေ
ဝယ်ယူထားပြီး တစ်ခုမှ လက်ထဲမရောက်
တာတွေဖြစ်တတ်ကြပါတယ်။ အိမ်ခြံမြေ
ရောင်းတယ်၊ဝယ်တယ်ဆိုတာက မပေါ့မဆ
သင့်တဲ့ ထဲမှာပါပါတယ်။
ကိုယ်ဝယ်ယူမယ့်အိမ်ခြံမြေက အမှန်တကယ်
အရှုပ်အရှင်း ရှိမရှိဆိုတာကို လိုက်ပါဆောင်
ရွက်ပေးမယ့်အကျိုးဆောင်ဆီကနေ
စုံစမ်းလို့ရပါတယ်။
စုံစမ်းရမယ့်အချက်တွေလည်း များစွာရှိပါတယ်။
အဲဒီထဲကမှ-


(1) ဝယ်ယူမယ့်အိမ်ခြံမြေ မှန်ကန်မှု့ ရှိမရှိဆိုတဲ့
စာရွက်စာတမ်းကို သက်ဆိုင်ရာရုံးတွေမှာ သွား
ရောက် စစ်ဆေးပါ။


(2) အမွေကိစ္စ တစ်စုံတစ်ရာ ရှိမရှိဆိုတာအပါအဝင်
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကမသိဘဲ
တစ်ယောက်က ရောင်းနေတာမျိုး ဖြစ်မဖြစ်ဖြစ်
သိရှိအောင်လုပ်ပါ။


(3) သတင်းစာတွင် ကြော်ငြာထည့်ပါ။


(4) စာချုပ်ချုပ်တဲ့အခါ အပြီးအတိုင် ငွေအလုံးအရင်း
ပေးတာထက် စရံအရင်ချုပ်ပြီးမှ အရောင်းအဝယ်စာချုပ်
ချုပ်ဆိုကာ ဝယ်ယူပါ။


(5) ဝယ်ယူမယ့် မြေရဲ့ စာရွက်စာတမ်းမူရင်းကို
ကိုယ်တိုင် မြင်တွေ့ပြီးမှ စရံချပါ။


(6) စာချုပ်ချုပ်တဲ့အခါ သေချာခိုင်မာစွာ ချုပ်ဆိုပါ။
(အသက်မပြည့်သေးသူများကို စာချုပ်ထဲတွင် ပါဝင်
စေတာမျိုး မပြုလုပ်ပါနဲ့)


စရံမချခင် ပြင်ဆင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။