စာချုပ်စာတမ်း မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၂၁ တွင် မရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းဝယ်/ပေးကမ်း/စွန့်လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလျှင်"မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်းမပြုရလို့ပါရှိပါတယ်။
မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲ အတည်ပြုရေးဆွဲနေရပါသော"မြို့ပြမြေစာရင်း"မှ ကောက်နုတ်ချက် မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှု ရှိ/မရှိဆိုတာကိုအိုးအိမ်ဦးစီးဌာန(သို့)မြို တော့်စည်ပင််တို့တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
မြို န့ယ်မြေစာရင်းရုံးက ထုတ်ပေးတဲ့ပုံစံ၁၀၅ ကမြေပုံ / ပုံစံ၁၀၆ ကမြေရာဇဝင်အဲ့ဒီ နှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင် ဟုခေါ်ပါတယ်။မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကလေးပါတာကို မြေပုံ၊မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် လို့ခေါ်ပြီး ၂ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင်ဖြစ်သွားပါတယ်။
သို့သော် အိမ်အသစ်ဆောက်ရင်/အကြီးစားပြင်ရင်/မှတ်ပုံတင်စာချုပ်ချုပ်ရင်အဝီစိတွင်းတူးရင်/မြေကွက်ခွဲရင်/ခြံစည်းရိုးခတ်ချင်ရင်/မှတ်တမ်းအဖြင့်သိမ်းထားချင်ရင်မြို့တော်စည်ပင် မြို့ပြမြေယာ စီမံခန့်ခွဲမှုဌာန မှာလျှောက်ထားရယူနိုင်ပါကြောင်းအကြံပေးလိုပါတယ်။