(၁) လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။
(၂) ခရိုင်/ မြို့နယ်ထွေ/ အုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )(၃) မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။(၄) မြေငှားစာချုပ် မူရင်း (သို့မဟုတ်) မိတ္တူ ။(၅) အရောင်းအဝယ်စာချုပ် (မှတ်ပုံတင်ပြီးသော)။(၆) ယခင်မြေပိုင်ဆိုင်သူအမည်ဖြင့် စည်းကြပ်သည့် မြေခွန်ပြေစာ။(၇) စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။(၈) ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန် ။(၉) လမ်းနယ်နိမိတ်ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်) ဦးစီးအရာရှိ(မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက် ။(၁၀) အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။(၁၁) မူလမြေပိုင်ရှင်၏ ထွက်ဆိုချက်။(၁၂) မြေအရောင်းအဝယ် စာချုပ်စာတမ်းပါ သက်သေများ၏ထွက်ဆိုချက်၊(အထွေထွေကိုယ်စားလှယ် လွှဲခြင်းခံရသူ/ အထူးကိုယ်စားလှယ်လွှဲခြင်းခံရသူ၏ ထွက်ဆိုချက် )။(၁၃) GP / SP လွှဲအပ်ထားပါက ကိုယ်စားလှယ်လွှဲစာ တင်ပြရန် ။(၁၄) ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက်။(၁၅) သက်ဆိုင်ရာမြေတိုင်းစာရေး၏ထွက်ဆိုချက် ။မှတ်ချက်။ လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန်။